
QUALITY. STYLE. 99 CLOTHING BRAND.
A Pleasant Shopping Experience
99 Clothing Brand(Vintage) is a leading Clothing Shop based in MANDALAY. Since 2000, we’ve provided customers with the latest fashion collections, as well as pieces from past collections at discounted prices. Our business lies in the intersection of service and luxury, and has consistently kept a high profile among suppliers and buyers alike.

WHO WE ARE
ကျနော် 99 Clothing Brand(Vintage) ကို 2019 December ထဲမှာ Page လေးစဖွင့်ပြီးလုပ်ငန်းလေးစခဲ့ကြပါတယ်။Vintage Clothing တွေကို ဝါသနာအရမ်းပါလို့လေ့လာနေတာကြာပြီဆိုပေမဲ့ ကျနော်ရဲ့ကြောက်ရွံ့မူတွေရယ်ငွေရေးကြေးရေးအခြေနေတွေကြောင့်နောက်ကျခဲ့ရပါတယ်။ကျနော့် အခုလိုလုပ်ဖြစ်တဲ့အခါမှာလဲ ကျနော့ရဲ့ 99 Clothing Brand Page လေးကိုအားပေးစေချင်မိပါတယ်။
HOT OFF THE PRESS
What’s Buzzing

LEVI'S (CEO) ပြောတဲ့ ဂျင်းဘောင်းဘီထန်းသိမ်းနည်း
January 22, 2020
Levi's စီးအီးအို(ချားလ်စ် ဗီ ဘာ့သ်)ပြောခဲ့တဲ့ ဂျင်းဘောင်းဘီ ထိန်းသိမ်းနည်း👖
နာမည်ကျော်ကုမ္ပဏီတွေက စီးအီးအိုတွေ၊ ရင်းနှီးမြှပ်နှံရေး သမားတွေနဲ့ အလုပ်အမှုဆောင်တွေ တက်ရောက်တဲ့ Brainstorm Green ကွန်ဖရင့်ကို Levi's Strauss စီးအီးအို Chip Bergh လည်း တက်ရောက်လာပါတယ်။
Fortune မဂ္ဂဇင်းကြီးက ပြုလုပ်တဲ့ ဒီပွဲမှာ ဂျင်းဘောင်းဘီ၊ ဂျင်းအကျႌတွေဝတ်ပြီး တက်လာတဲ့ Chip Bergh ဟာ တစ်မူ ထူးခြားလို့ နေခဲ့ပါတယ်။ဒါနဲ့ သူ့ဂျင်းဘောင်းဘီအကြောင်းမေးတဲ့အခါ ကျွန်တော် မလျှော်တာ တစ်နှစ်ရှိပြီလို့ သူက ခပ်တည်တည်ပြောပါတယ်။
ဒါပြင့် ဂျင်းဘောင်းဘီကို အရူးအမူးစွဲလမ်းသူတွေဟာ သူတို့ဂျင်းတွေကို ဆပ်ပြာမှုန့်တွေ၊ ရေတွေနဲ့ မလျှော်ဘူး လို့ Chip Bergh က ဆိုပါတယ်။အဲ့အစား သူအကြံပေးတာက ကွက်သွားတဲ့ စွန်သွားတဲ့ နေရာလေးကိုပဲ သွားတိုက်တံလို အရာမျိုးနဲ့ လျှော်ပေးသင့်တယ် လို့ဆိုပါတယ်။
ဂျင်းဘောင်းဘီကို သိပ်မလျှော်ကြဖို့နဲ့ လျှော်မယ်ဆိုရင်လည်း ရေအေးကိုသာသုံးဖို့ ဖောက်သည်တွေကို အကြံပေးခဲ့ပါတယ်။
ဂျင်းဘောင်ဘီနဲ့ပက်သက်လို့ ပြောခဲ့ဖူးတဲ့ ကျော်ကြားသူတွေ ထဲမှာ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ Tommy Hilfiger လည်းပါ ပါတယ်။ သူကလည်း သူ့ဂျင်းဘောင်းဘီတွေကို လုံးဝ မလျှော်ကြောင်း လွန်ခဲ့တဲ့နှစ်က ပြောခဲ့ပါသေးတယ်။
နာမည်ကျော်ရုပ်သံတင်တင်ဆက်သူ Anderson Cooper ကတော့ သူ့ဂျင်းဘောင်းဘီတွေကို တစ်နှစ်လေးကြိမ် လျှော်ပါတယ်တဲ့။ လျှော်ရင်လည်း ဂျင်းဘောင်းဘီကိုဝတ်ရင်း ရေချိုးလိုက်တာဖြစ်ပါတယ်။ ဂျင်းဘောင်းဘီကော လူကော တစ်ခါတည်းဆပ်ပြာတိုက်လိုက်ရင် လုံလောက်တယ်လို့ပြောပြီး ထူးဆန်းတဲ့ သူ့ရဲ့ဂျင်းဘောင်းဘီလျှော်နည်းကို ဝေမျှခဲ့ပါတယ်။
Levi's Strauss ကတော့ သူတို့ရဲ့ 501 ဂျင်း ၁၄၁နှစ်ပြည့်ကို အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ရေရှည်ခံရေးအတွက် လျှော်စရာသိပ်မလိုတဲ့ ဂျင်းအမျိုးအစား ကို ထုတ်လုပ်ဖို့ Levi Strauss ကုမ္ပဏီဟာ လက်ရှိမှာ ကြိုးစား လျက်ရှိပါတယ်။
သင်လဲ Levi's ဂျင်းဘောင်းဘီကောင်းကောင်းတစ်ထည်တော့ လိုပြီထင်ပါတယ်👖👖#99ClothingBrand#VintageClothing
OUR SHOP
Inventory

DESIGNER SHIRTS
Shopping can get pretty expensive, and finding a quality Clothing Shop is a mission in itself. 99 Clothing Brand sells a huge variety of Designer Shirts from leading brands, in all kinds of styles and sizes. Visit our shop and find a wide range of products that can be tailored to suit your tastes.